နည်းပညာနဲ့ပက်သက်သည်များကိုတတ်နိုင်သလောက်တင်ပြပေးပါမယ်၊ကွန်ပျူတာအကြောင်းအရာများနှင့်ပက်သက်ပြီးလည်းtunlinaung5010@gmailသို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်
photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လား ကျေးဇူးတင်ပါသည် နောက်လဲလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါသည်

Tuesday, July 24, 2012

Excel Password ဖော်ယူမည်

တစ်နေ့သ၌ ကျွန်ုပ်အား Galk မှ မိတ်ဆွေတစ်ဦးသည် Microsoft Excel တွင် စာရိုက်ပြီး လုံခြုံရေးအတွက် Password ပေးမိကြောင်း၊ အဆိုပါ Password ကို မေ့နေသည့်အတွက် ပြန်လည်ဖော်ယူနိုင်သည့် နည်းလမ်းကို ကျွန်ုပ်အား မေးမြန်းလေ၏။

ကျွန်ုပ်လည်း ယခင် မိမိ၏ ဆိုဒ်တွင် တင်ခဲ့ဖူးသော Excel Password Recovery ကို ညွှန်းလိုက်မိသည်။ အဆိုပါ မိတ်ဆွေလည်း ဆော့ဝဲလ်ကို ဒေါင်းယူပြီး အင်စတောလုပ်ရာတွင် Full Version အဖြစ် သုံးရန် အခက်အခဲ ဖြစ်ပေါ်လေသည်။

ကျွန်ုပ်လည်း တင်ခဲ့သော ပို့စ်ကို ပြန်လည်ကြည့်မိရာ ကျွန်ုပ်၏ အားနည်းကို မြင်တွေ့ရသည်။ သေချာ ရှင်းလင်းအောင် မရေးခဲ့သည့်အတွက် အသုံးပြုလိုသည့် User များ အခက်အခဲကြုံရသည်ကို တွေ့ရ၏။ ထို့ကြောင့် တင်ခဲ့သောပို့စ်ဖြစ်သည့် ယခုအကြောင်းကို Full Version အဖြစ် သုံးနိုင်ရန် ပြန်လည် ရှင်းလင်း တင်ပြအပ်ပေသည်။

Excel Password Recovery ကို Download လုပ်ယူပါ။ Install လုပ်ပြီးပါက Register Name နှင့် Registration Key တို့ကို တောင်းပါလိမ့်မည်။ ဒေါင်းလုပ်လုပ်ယူရာတွင် ပါဝင်သည့် Keygen ကို Copy ယူ၍ Local Disk (C:) >> Program Files >> Intelore >> ExcelPasswordRecovery ထဲသို့ Past ချပါ။

ပြီးလျှင် Keygen ကို ဖွင့်ပါ။ Patch ကို နှိပ်ပါ။ ဖိုင်လမ်းကြောင်း မေးပါလိမ့်မည်။ Local Disk (C:) >> Program Files >> Intelore >> ExcelPasswordRecovery ကိုသွားပြီး ExcelPasswordRecovery ကို ရွေးပေးပါ။ Successful ဖြစ်သွားပါလိမ့်မည်။

ပြီးလျှင် Keygen ထဲမှ Key များကို Copy ယူ၍ Register Name နှင့် Registration Key ထဲသို့ ထည့်ပါ။ Register Name တွင် နှစ်သက်ရာ အမည်တစ်ခုခုကို ထည့်လိုက်ပါ။ ဒါဆိုလျှင် အိုကေသွားပါလိမ့်မည်။

No comments:

Post a Comment

Popular Posts

Related Posts Plugin for WordPress, Blogger...

Total Pageviews