နည်းပညာနဲ့ပက်သက်သည်များကိုတတ်နိုင်သလောက်တင်ပြပေးပါမယ်၊ကွန်ပျူတာအကြောင်းအရာများနှင့်ပက်သက်ပြီးလည်းtunlinaung5010@gmailသို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်
photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လား ကျေးဇူးတင်ပါသည် နောက်လဲလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါသည်

Wednesday, November 14, 2012

ဒီဇင်ဘာ လက်ဆောင်

ဒီဇင်ဘာ လက်ဆောင်

chanlon
ဒီဇင်ဘာ လက်ဆောင် ကွန်ပျူတာ Desktop မှာ နှင်းတွေကျတဲ့ ဆော်ဝဲလ်လေးပါ
နှင်းကျတာကြည့်ပြီ လွမ်းလို့ပိုကောင်းတယ်ပေါ.....
http://ifile.it/w34fqrs/Snow1.01 chanlon.7z

Saturday, November 3, 2012

Windows 8 Release Preview အကြောင်း သိကောင်းစရာ

အသစ်ဖြန့်ချိမယ့် Windows 8 operating system သစ်ရဲ့နောက်ဆုံး preview ဗားရှင်း Windows 8 Release Preview ကို Microsoft ကုမ္ပဏီမှ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းက ဖြန့်ချိပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကျင်းပပြုလုပ်ခဲ့တဲ့ Mobile World Congress ပွဲမှာ Windows 8 Consumer Preview ကို
ပွဲထုတ်မိတ်ဆက်ပေးခဲ့စဉ်က ၎င်းကိုစမ်းသပ်အသုံးပြုရန်အတွက် download ပြုလုပ်မှုမှာ ဖြန့်ချိပြီး ၂၄ နာရီအတွင်း တစ်သန်းကျော်ရှိခဲ့ပါတယ်။ Windows 8 Release Preview ကို စမ်းသပ်အသုံးပြုလိုသူတွေအနေနဲ့ Microsoft ဆိုက် http://preview.windows.com ကနေ download ရယူပြီးအသုံးပြုနိုင်တဲ့ Windows 8 Release Preview မှာ app သစ်များကို မိတ်ဆက်ပေးထားပြီး အသုံးပြုရာမှာလည်း တည်ငြိမ်မှုရှိသလို လျင်မြန်မှုလည်းရှိပါတယ်။ ဒါကြောင့် Windows 8 Release Preview မှာပါဝင်တဲ့ feature သစ်များ၊ default app များ၊ interface နဲ့ စွမ်းဆောင်ရည်တို့အကြောင်းကို ဖော်ပြလိုက်ပါတယ်။

Multitouch touch pad
Windows 8 ရဲ့ အကောင်းဆုံး feature တွေထဲကတစ်ခုဖြစ်တဲ့ Multi-touch touch pad ဟာ touch pad များပေါ်မှာ multitouch gesture များနဲ့အသုံးပြုနိုင်စေမယ့် feature တစ်ခုဖြစ်ပါတယ်။ Mac တွေအတွက် လွန်ခဲ့တဲ့နှစ်အနည်းငယ်ခန့်ကတည်းက multitouch touch-pad drive များရှိခဲ့ပေမယ့် Windows touch pad များကိုတော့ Windows XP ထွက်ပေါ်စဉ်ကတည်းက hardware ထုတ်လုပ်သူများက ထောက်ပံ့ပေးခဲ့ခြင်းမရှိပါဘူး။ ဒါပေမဲ့ Windows 8 ထွက်ပေါ်လာတဲ့အခါမှာ hardware ထုတ်လုပ်သူများအနေနဲ့ hardware အဆင့်မြှင့်တင်မှုများကို တွဲဖက်ပြုလုပ်ပေးမှာဖြစ်တဲ့အတွက် Windows touch pad များကို တွေ့မြင်ရမှာဖြစ်ပါတယ်။

ဒါကြောင့် touch pad များပါဝင်တဲ့ လက်တော့ပ်အားလုံးမှာ default gesture သုံးမျိုးဖြစ်တဲ့ pinch-to-zoom, two-finger scroll, edge
swiping တို့နဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အရေးကြီးဆုံးအချက်ကတော့ touch-screen မဟုတ်တဲ့ Windows 8 ကွန်ပျူတာတွေမှာ mouse နဲ့ အသုံးပြုတဲ့အခါမှာလည်း edge swiping ကို အလွယ်တကူ အသုံးပြုနိုင်စေခြင်းဖြစ်ပါတယ်။ Microsoft ရဲ့ User Experience အဖွဲ့မှ Program Management ဒါရိုက်တာဖြစ်သူ Jensen Harris ကတော့ Windows 8 ကို အပြီးသတ် ထုတ်လုပ်ဖြန့်ချိတဲ့အခါမှာ နောက်ဆုံးအသုံးပြုခဲ့တဲ့ app ကို ပြန်လည်အသုံးပြုလိုတဲ့အခါ touch screen ရဲ့ဘယ်ဘက်အနားစွန်းကနေ ညာဘက်ကို swipe လုပ်ရုံနဲ့အသုံးပြုနိုင်ပြီး Start screen ခလုတ်မှာတော့ နောက်ဆုံးအသုံးပြုခဲ့တဲ့ app ကို thumbnail နဲ့ဖော်ပြပေးမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။


Default app များ
Default app များနဲ့ပတ်သက်ပြီး ပြဿနာအနည်းငယ်ရှိပေမယ့် Windows 8 ကို တရားဝင်ဖြန့်ချိတဲ့အခါမှာတော့ အဆိုပါအားနည်းချက်များကို ဖြေရှင်းပြီးသားဖြစ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ Default app များအနက် Sports app ဟာ နှစ်သက်ရာ အားကစားအသင်းများရဲ့ box score များ၊ statistics များ၊ roster များနဲ့ သက်ဆိုင်ရာသတင်းဆောင်းပါးများကို ဖော်ပြပေးမှာဖြစ်ပါတယ်။ Travel app ကတော့ လေယာဉ်လက်မှတ်များနဲ့ ဟိုတယ်အခန်းများ မှာယူခြင်းတို့အတွက်သာမက ခရီးသွားလမ်းညွှန်အချက်အလက်များကိုပါ ဖော်ပြပေးနိုင်ပါတယ်။ Developer များဟာ zoom အတွက် အဆင့်မြှင့်တင်မှုများပြုလုပ်ထားပြီး content များကို အဆင့်ဆင့်ခွဲခြားဖို့အတွက် pinch-to-zoom နဲ့အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ App သစ်အားလုံးမှာ pinch-to-zoom ကိုအသုံးပြုထားပြီး People လိုမျိုးအခြား app တွေမှာလည်း Zoom out လုပ်ရုံနဲ့ contact တွေကို အက္ခရာအစဉ်အလိုက်ခွဲကာ ရှာဖွေနိုင်မှာဖြစ်ပါတယ်။

Internet Explorer 10 ရဲ့ Metro ဗားရှင်းမှာလည်း built-in Flash အထောက်အပံ့ကို ထည့်သွင်းပေးထားပါတယ်။ HTML5 playback ကို default အနေနဲ့ အသုံးပြုထားတဲ့အတွက် Metro IE 10 နဲ့ဝက်ဘ်ပေါ်မှာ Flash content တွေကို အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။ IE 10 Desktop mode မှာလည်း Flash လိုမျိုး plug-in တွေကို အထောက်အပံ့ပေးထားပါတယ်။ ဒါ့အပြင် IE 10 Metro မှာ Do Not Track feature ကို default အနေနဲ့ အသုံးပြုထားတာကြောင့် cookie တွေကို ခြေရာခံနိုင်ခြင်းမှ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ အသုံးပြုထားတဲ့ history ကို ကြည့်ရှုလိုတဲ့အခါမှာ touch screen ရဲ့အနားစွန်းများထံသို့ swipe လုပ်ခြင်းနဲ့ပြုလုပ်နိုင်ပါတယ်။ Touch screen မဟုတ်တဲ့ ကွန်ပျူတာများမှာတော့ အရှေ့နဲ့အနောက် arrow ခလုတ်များနဲ့ ပြုလုပ်နိုင်တယ်လို့ဆိုပါတယ်။

Lock screen ကိုလည်း အဆင့်မြှင့်တင်ထားပြီး Video နဲ့ Music app တွေကို lock screen ကနေ ထိန်းချုပ်အသုံးပြုနိုင်အောင် ပြုလုပ်ထားပါတယ်။ Tablet များနဲ့ကီးဘုတ်များပေါ်က volume control ကို နှိပ်လိုက်တဲ့အခါမှာ သေးငယ်တဲ့ control window ပေါ်လာမှာဖြစ်ပါတယ်။ Music app မှာ ZunePass, DLNA အထောက်အပံ့တို့ပါဝင်လာပြီး ယင်းတို့ဟာ ယခင်ကထက် streaming အထောက်အပံ့ကို ပိုမိုကောင်းမွန်စွာနဲ့ အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။ Sky Drive app မှာတော့ fetch လို့ခေါ်တဲ့ feature သစ်ပါဝင်လာပြီး ယင်း feature ဟာ SkyDrive ထည့်သွင်းထားတဲ့ အခြားကွန်ပျူတာတွေက ဓာတ်ပုံတွေကို ရယူနိုင်စေမှာဖြစ်ပါတယ်။

ဓာတ်ပုံအရွယ်အစား ဘယ်လောက်ကြီးကြီး လက်ခံမယ့် ကွန်ပျူတာရဲ့ local drive အရွယ်အစားပမာဏအပေါ်မူတည်ပြီး အချက်အလက်တွေကို လွှဲပြောင်းနိုင်ပါတယ်။ Mail app ကတော့ ပိုမိုကောင်းမွန်တဲ့ multiple account အထောက်အပံ့ကို ထည့်သွင်းပေးထားပြီး email account များကို Start screen မှာ pin လုပ်ထားနိုင်တာကြောင့် လိုအပ်တဲ့ email ကို အလွယ်တကူ ရယူနိုင်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင် Mail app ကို Calendar app နဲ့ လည်း ပေါင်းစပ်ထားပါတယ်။ Interface နဲ့ Performance Interface နဲ့ပတ်သက်ပြီး Windows 8 Release Preview မှာ ကြီးကြီးမားမားပြောင်းလဲမှုမရှိပေမယ့် ပြီးခဲ့တဲ့စက်တင်ဘာလက ဖြန့်ချိခဲ့တဲ့ Developers Preview ထက် လူအများ ပိုမိုသတိထားမိအောင် ပြုလုပ်ထားပါတယ်။ Navigate ပြုလုပ်ရာမှာ အရင်ကထက် ပိုမိုချောမွေ့ကာ မြန်ဆန်လာပြီး boot လုပ်တဲ့အခါမှာလည်း ယခင်ကထက် ပိုမိုမြန်ဆန်လာပါတယ်။ Sl**p mode ကနေ resume ပြန်လုပ်ရာမှာ ၂ စက္ကန့်အတွင်းပြုလုပ်နိုင်ပြီး ဒီနှုန်းဟာ ယခင်ဗားရှင်းကထက် ထက်ဝက်ခန့် ပိုမိုလျင်မြန်လာခြင်းလည်းဖြစ်ပါတယ်။

Mail နဲ့ Calendar လိုမျိုး app တွေကို ဘေးတစ်ဖက်တစ်ချက်စီမှာ တစ်ပြိုင်နက်ထားပြီးသုံးနိုင်သလို အသုံးပြုတဲ့အခါမှာလည်း ချောမွေ့စွာနဲ့ အသုံးပြုနိုင်စေပါတယ်။ App တစ်ခုကိုပိတ်လိုတဲ့အခါမှာ app ကို ထိပ်ပိုင်းကနေ အောက်ပိုင်းသို့ drag လုပ်ခြင်းဖြင့် ပြုလုပ်နိုင်ပါတယ်။ Desktop အပိုင်းတွင် ငါးပုံစံ background ကိုဖယ်ရှားထားတဲ့အတွက် ကိုယ်ပိုင် Desktop mode background များကို ရွေးချယ်ပြုလုပ်ထားနိုင် မှာဖြစ်ပါတယ်။ ဒါ့အပြင် ဘယ်ဘယ်အောက်ထောင့်မှာရှိတဲ့ Start ခလုတ်ကိုလည်း ဖယ်ရှားထားပါတယ်။

Windows 8 မှာကောင်းမွန်တဲ့ log-on option များကို ထောက်ပံ့ပေးထားပါတယ်။ အသုံးပြုသူအနေနဲ့ local account တစ်ခုဖန်တီးအသုံးပြုနိုင်ပေမယ့် Microsoft account နဲ့အသုံးပြုတဲ့အခါမှာတော့ ပိုမိုအသုံးတည့်စေတာကို တွေ့ရပါတယ်။ Windows 8 ကွန်ပျူတာမှာ Microsoft account နဲ့ log in လုပ်တဲ့အခါမှာ ၎င်း account နဲ့အသုံးပြုထားတဲ့ Windows 8 ကွန်ပျူတာများပေါ်က background settings, address book, IE10 history, bookmarks နဲ့ passwords တို့အပြင် Facebook, Twitter, e-mail နဲ့ instant messaging တို့မှ အချက်အလက်များနဲ့ setting များကို synchronize ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ App Syncing ကို Windows Store နဲ့အသုံးပြုနိုင်အောင် စီစဉ်ထားပြီး ဖိုင်များကို sync ပြုလုပ်ခြင်းအတွက် SkyDrive ကို ပေါင်းစပ်ထည့်သွင်းပေးထားပါတယ်။

စွမ်းဆောင်ရည်ပိုင်းအနေနဲ့ဆိုရရင် Windows 8 ဟာလျင်မြန်ပြီး swipe လုပ်ရုံ၊ tap လုပ်ရုံနဲ့ အလိုရှိတဲ့နေရာကို ချက်ချင်းရောက်ရှိစေမှာဖြစ်ပါတယ်။ လျင်မြန်မှုရှိသလို တုံ့ပြန်မှုကလည်းကောင်းမွန်တဲ့အတွက် Windows 8 ကိုအသုံးပြုတဲ့အခါမှာ အခြားသော Windows ဗားရှင်းတွေနဲ့မတူတဲ့ Windows တစ်ခုအနေနဲ့ အသုံးပြုနိုင်တာကို တွေ့ရမှာဖြစ်ပါတယ်

Saturday, October 27, 2012

Corel DRAW 12 Graphic Suite + Serial

CorelDRAW is a vector graphics editor developed and marketed by Corel Corporation of Ottawa, Canada. It is also the name of Corel's Graphics Suite, which bundles CorelDraw with a bitmap image editor, Corel PhotoPaint, and other graphics-related programs (see below). The latest version is designated X6 (equivalent to version 16), and was released in March 2012.
Corel DRAW 12 has capabilities of Dynamic guides, Smart Drawing tools, Export to MS Office or Word option, Virtual Segment Delete tool, Unicode text support.
CorelDRAW was originally developed for Microsoft Windows 3 and currently runs on Windows XP, Windows Vista, and Windows 7. The current version, X6, was released on 20 march 2012.
Versions for Mac OS and Mac OS X were at one time available, but due to poor sales these were discontinued. The last port for Linux was version 9 (released in 2000, it didn't run natively; instead, it used a modified version of Wine to run) and the last version for OS X was version 11 (released in 2001). Also, up until version 5, CorelDRAW was developed for Windows 3.1x, CTOS and OS/2.
Problems installing or running older versions of Corel Draw under Windows 7 may be overcome by using Microsoft's "Troubleshoot Compatibility" — right-click on the setup.exe file on the installation disk to select this facility (tested on version 12 with Windows 7, where previous attempts without Microsoft "Troubleshoot Compatibility" failed).
Over time, additional components were developed or acquired and bundled with CorelDRAW. The list of bundled packages usually changes somewhat from one release to the next, though there are several mainstays that have remained in the package for many releases now, including PowerTRACE (a bitmap to vector graphic converter), PHOTO-PAINT (a bitmap graphic editor), and CAPTURE (a screen capture utility).


Before Download Please Just Click Here to Support then Download

Tuesday, October 23, 2012

ဖုန်း andriod application software များ

ဖုန်း andriod application software များ


www.1mobile.com

download.pandaapp.com

andriod application ဆော်ဝဲလ် အခမဲ့ဒေါင်းလို့ရတဲ့ဆိုဒ်တွေ့ထားလို့ ပြန်မျှဝေလိုက်တာပါ။

Tuesday, October 9, 2012

Registry Repair Wizard 2012 Build 6.72 | Full Version | 3.36 MB

ဒီဆော့ဝဲလ်လေးက Registry အမှားတွေကို
 အော်တို စစ်ပေးပါတယ် Restore backup 
အပြင် Virus တွေကိုပါ စစ်ပေးသေးတယ်လေ 
startup ကိုလဲ သွက်လက်မြန်ဆန်စေပါသေးတယ် 
system performance ပိုလဲ ကောင်းအောင်လုပ်ပေးတယ်ဗျ
ယူထားလိုက်နော်

Computer ကိုလှပစေတဲ့ Software


ကျွန်တော် Online မှာဟိုသွားဒီသွားနေရင်းနဲ့ တွေခဲ့တဲ့ Software လေးပါအရမ်းကိုကောင်း
ပါတယ် Windows သုံးတဲ့ Computer တွေအတွက် Ipad Design လိုလုပ်လိုရတယ်အရမ်း
ကိုကြည့်လိုကောင်းပါတယ် ပြီးတော့ ဒီ Software ဟာနှစ်မျီုးရှိပါတယ် နှစ်မျီုးစလုံးသုံးရင်
လဲတော်တော်အဆင်ပြေပါတယ် အောက်မှာဒေါင်းပါ။

Download Here




နောက်ပြီးတာ့ ကိုလိုခြင်တဲ့ဟာတွေကိုပြန်ပြီးတော့ ဖြည့်လိုရပါတယ် Windows 8 မသုံး
တဲ့သူတွေလဲ Windows ပုံစိလိုမျီုးလဲ ဒေါင်းပြီးတော့သုံးလိုရတယ် Player လှလှလေးတွေ
လဲဒေါင်းလိုရတယ် အကုန်လုံးပြောမနေတော့ဘူး ကိုယ်ဟယကိုဘဲ ကြည့်လိုက်တော့
အောက်မှာလေ့လာနိုင်တယ်။

Download Here

Computer ကိုလှပစေတဲ့ Software


ကျွန်တော် Online မှာဟိုသွားဒီသွားနေရင်းနဲ့ တွေခဲ့တဲ့ Software လေးပါအရမ်းကိုကောင်း
ပါတယ် Windows သုံးတဲ့ Computer တွေအတွက် Ipad Design လိုလုပ်လိုရတယ်အရမ်း
ကိုကြည့်လိုကောင်းပါတယ် ပြီးတော့ ဒီ Software ဟာနှစ်မျီုးရှိပါတယ် နှစ်မျီုးစလုံးသုံးရင်
လဲတော်တော်အဆင်ပြေပါတယ် အောက်မှာဒေါင်းပါ။

Download Here




နောက်ပြီးတာ့ ကိုလိုခြင်တဲ့ဟာတွေကိုပြန်ပြီးတော့ ဖြည့်လိုရပါတယ် Windows 8 မသုံး
တဲ့သူတွေလဲ Windows ပုံစိလိုမျီုးလဲ ဒေါင်းပြီးတော့သုံးလိုရတယ် Player လှလှလေးတွေ
လဲဒေါင်းလိုရတယ် အကုန်လုံးပြောမနေတော့ဘူး ကိုယ်ဟယကိုဘဲ ကြည့်လိုက်တော့
အောက်မှာလေ့လာနိုင်တယ်။

Download Here

Popular Posts

Related Posts Plugin for WordPress, Blogger...

Total Pageviews