နည်းပညာနဲ့ပက်သက်သည်များကိုတတ်နိုင်သလောက်တင်ပြပေးပါမယ်၊ကွန်ပျူတာအကြောင်းအရာများနှင့်ပက်သက်ပြီးလည်းtunlinaung5010@gmailသို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်
photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လား ကျေးဇူးတင်ပါသည် နောက်လဲလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါသည်

Tuesday, July 24, 2012

Error တွေနဲ့ Bed sector တွေကိုစစ်ပေးမယ့် Disk Defragmenter


ကျနော်တို့ နေ့စဉ်သုံးနေတဲ့ ကွန်ပျူတာတွေမှာ ဖယိုဖရဲဖြစ်နေတဲ့ ဖိုင်တွေ၊ Error တွေနဲ့ Bed sector တွေဟာ အမြဲတမ်းဖြစ်ပေါ်နေပါတယ်..။ ဆော့ဝဲလ်တွေ သွင်းတာ ၊ ထုတ်တာ ၊ သွင်းပြီးသားဆော့ဝဲလ်တွေကို ဖွင့်ပြီးသုံးတဲ့အခါတွေမှာ  Error တွေနဲ့ Bed sector တွေဖြစ်ပေါ်တတ်ပါတယ်..။ ဒါမျိုးတွေဖြစ်ပေါ်တာ များလာတဲ့အခါ မိမိတို့ စက်ဟာ လေးလာ၊ ကြောင်လာ တော့ပါတယ်...။ ရှေ့ကိုလည်းတော်တော်နဲ့ မတက်၊ နောက်ပြန်ဆုတ်ဖို့လည်း မလွယ်တော့ပါဘူး...။ ဒီလိုမျိုးစက်လေးတာကို ကြုံဖူးကြမယ်ထင်ပါတယ်...။

အဲဒါတွေကို ဖြေရှင်းဖို့ ဆော့ဝဲလ် တွေအများကြီး ရှိသလို Windows ထဲမှာ ရှိပြီးသား Disk Defragmenter ဆိုတဲ့ Tool လေးနဲ့လည်း ဖြေရှင်းလို့ရပါတယ်..။ လုပ်နည်းလေးကလည်း လွယ်ပါတယ်..။ ကျနော်အောက်မှာ ပုံလေးတွေနဲ့ ပြထားပေးပါတယ်..။ ဒီTool လေးကိုတော့ မိမိတို့စက်လေးလာမှ သုံးဖို့မဟုတ်ပါဘူး..။ ၇ရက်တပါတ်ကို တခါလောက် လုပ်ပေးသင့်ပါတယ်..။ ဒီTool လေးဘယ်မှာ ရှိတယ်ဆိုတာ အောက်ကပုံလေးတွေ ကြည့်ပြီး ထုတ်သုံးကြည့်လိုက်ပါဗျာ..။ အရင်ဆုံး Start ကနေသွားလိုက်ပါ..။ ပြီးရင်တော့ ပုံမှာပြထားတဲ့ အတိုင်း နံပါတ်စဉ်တိုင်း နှိပ်သွားပေးပါ..။


အောက်ကပုံအတိုင်းပေါ်လာရင် မိမိတို့ လုပ်စရာရှိတာ ဆက်လုပ်ပါ..။ သူ့ကိုဒီအတိုင်း ပစ်ထားလို့ရပါတယ်..။ သူ့အလုပ်သူလုပ်နေပါလိမ့်မယ်...။




အောက်ဆုံးကပုံအတိုင်း 0% fragmented လို့ ပြပြီဆိုရင်တော့ သူ့ကိုခိုင်းထားတဲ့ အလုပ်ပြီးသွားပါပြီ..။ ဒါကြောင့် Close နဲ့ ပိတ်လိုက်လို့ရပါပြီ..။

No comments:

Post a Comment

Popular Posts

Related Posts Plugin for WordPress, Blogger...

Total Pageviews